Published on

Docsify

Update: 2023-08-27

လက်ရှိစာရေးနေတဲ့ အချိန်မှာတော့ Docsify အစား VitePress ကို ပြောင်းသုံးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ကြည့်လို့ ရပါတယ်။


Docsify ဆိုတာကတော့ documentation site generator တစ်ခုပါ။ Markdown နဲ့ရေးထားတဲ့ file တွေကို load လုပ်ပြီး website အနေနဲ့ ပြပေးတာပါ။

Examples ​

Installation ​

Docsify ကို npm ကနေ install လုပ်လို့ရပါတယ်။

bash
npm i docsify-cli -g

Usage ​

နမူနာအနေနဲ့ to-raw-sql package အတွက် documentation site တစ်ခု generate လုပ်ပါမယ်။

အရင်ဆုံး git clone လုပ်ပါမယ်။

bash
git clone https://github.com/PyaeSoneAungRgn/to-raw-sql.git
cd to-raw-sql

ပြီးရင်

bash
docsify init ./docs

လို့ run လိုက်ရင် docs ဆိုတဲ့ folder အသစ်ဆိုတဲ့ တစ်ခု create လုပ်သွားပါမယ်။ docs folder ထဲမှာ index.html နဲ့ README.md ဆိုပြီး file နှစ်ခုတွေ့ရပါမယ်။ (ဒီနေရာမှာ docs folder ထဲက README.md file က root folder ရဲ့ README.md file နဲ့ အတူတူဖြစ်နေမှာပါ။ Docsify က auto ကူးထည့်ပေးထားတာပါ။)

Preview ကြည်ဖို့အတွက်

bash
docsify serve docs

လို့ run ပါမယ်။ ဒါဆိုရင် အခုလို ရပါပြီ။

docsify-1.png

ဒီနေရမှာ code တွေ syntax highlight ဖြစ်အောင် plugin ထည့်ပေးရပါမယ်။

index.html မှာ

html
<script src="//cdn.jsdelivr.net/npm/prismjs@1/components/prism-bash.min.js"></script>
<script src="//cdn.jsdelivr.net/npm/prismjs@1/components/prism-php.min.js"></script>

ဆိုပြီး body အပိတ် tag မတိုင်ခင် ထည့်လိုက်ရင် ရပါပြီ။ Final version ကို ဒီမှာ ကြည့်လို့ရပါတယ်။

Conclusion ​

တခြား theme ချိန်းတာတို့၊ plugin တွေထည့်တာတို့၊ customization လုပ်တာတွေကို Docify Documentation မှာလေ့လာလို့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Docify ကိုသုံးပြီး Laravel Myanmar Tools documentation ကိုရေးထားပါတယ်။ Document's source Code ကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်။ သိချင်တာရှိရင်လည်း မေးလို့ရပါတယ်ခဗျာ။