Writing · 2023

My Favourite Audiobooks

Pyae Sone Aung From the archive

Audiobook တွေနားထောင်တာက ကျွန်တော်ကို စိတ်တည်ငြိမ်စေပါတယ်။ Audiobook နားထောင်ရတာ ကြိုက်တဲ့သူတွေအတွက် ကျွန်တော်သဘောကျတဲ့ audiobook တချို့ကို sharing လုပ်ချင်ပါတယ်။

ရဘက်ကာ

ကျွန်တော်အကြိုက်ဆုံး အချစ်ဝထ္တုရှည်တစ်ပုဒ်ပါ။ ကြိုက်လွန်းလို့ ၁၈ နာရီ၊ ၁၈ မိနစ် ကြာတဲ့ audiobook ကို အစအဆုံး ၂ခါ နားထောင်ထားတာပါ။

တိမ်နဲ့ချည်တဲ့ကြိုး

ဆရာမဂျူးရဲ့ အချစ်ဝထ္တုရှည်တစ်ပုဒ်ပါ။ ချင်းပြည်နယ် ရဲ့ ဓလေ့၊ အလှအပ၊ တခြားဗဟုသုတ တွေနဲ့ အရမ်းလှတဲ့ ဝထ္တုတစ်ပုဒ်ပါ။

တပြည်သူမရွှေထား

တပြည်သူမရွှေထား ကတော့ ဝထ္တုမဖတ်ဖူးရင်တောင် ရုပ်ရှင်တော့ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဝထ္တုမှာကတော့ ရုပ်ရှင်ထက် အများကြီးပိုလေးနက်ပါတယ်။

တနင်္ဂနွေနေ့မှာနားတယ်

အားလပ်ရက်မှာ တကယ်နားထောင်လို့ကောင်းတဲ့ ဝထ္တုတို တစ်ပုဒ်ပါ။

တစ်ဦးတည်းသောသား

အထူးသဖြင့် မိန်းကလေးတွေ ပိုနားထောင်သင့်တယ်ထင်ပါတယ်။ ယောကျ်ားလေးတွေလည်း ဒီဝထ္တု ကနေ မိန်းကလေးဘက်ကို အနည်းနဲ့အများ နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ည

နာဇီတွေ ဂျူး လူမျိုးတွေကို အရှင်လတ်လတ် အဆိပ်ငွေ့လွှတ် မီးလောင်တိုက်သွင်းတဲ့ အကြောင်းတွေပြောပြထားတဲ့ ဝထ္တု တစ်ပုဒ်ပါ။

လိပ်ပြာဖမ်းသူ

ယောကျ်ားလေးတွေ ရည်းစားမထားခင် နားထောင်သင့်တဲ့ ဝထ္တုတို တစ်ပုဒ်ပါ။