- Published on
PHP Package Development (Part-1)
PHP နဲ့ Laravel Package တွေ ဖန်တီးတာကို knowledge sharing လုပ်ချင်ပါတယ်။ ဒီအပိုင်းမှာတော့ PHP အတွက် package တစ်ခုဖန်တီးပါမယ်။
Quiz Api Client
Quiz Api က linux တို့၊ docker တို့၊ php တို့ စတဲ့ tech နဲ့ ပတ်သတ်တာတွေကို muliple choice question တွေထုတ်ပေးတဲ့ api တစ်ခုပါ။ https://quizapi.io/ မှာ အကောင့်ဖွင့်ပြီး api token တစ်ခု create လုပ်ဖို့လိုပါတယ်။
Setup Composer Project
Project တစ်ခု create လုပ်ဖို့အတွက်
mkdir quiz-api-client
cd quiz-api-client
composer initဆိုပြီး run ပါမယ်။
Package name (<vendor>/<name>) [pyaesoneaung/quiz-api-client]:Package name ကို pyaesoneaung/quiz-api-client ဆိုပြီး ထည့်ပါမယ်။ vendor မှာထည့်တာက vendor folder ကိုဖွင့်လိုက်ရင် စစတွေ့မယ့် folder name ပါ။ အများအားဖြင့် author နာမည်ကိုပဲထည့်ပါတယ်။ name မှာထည့်တာက package name ပါ။
Description []:Description က ကိုယ်ကြိုက်တာထည့်လို့ရပါတယ်။
Author [Pyae Sone Aung <[email protected]>, n to skip]:Author ကလည်း သူပေးတဲ့ format နဲ့ ကြိုက်တာထည့်လို့ရပါတယ်။ ဘာမှမထည့်ချင်ရင် n နဲ့ skip လို့ရပါတယ်။
Minimum Stability []:Minimum Stability က လိုအပ်တဲ့ dependency တွေကို ဘယ် version တွေ သွင်းမလဲဆိုတာ သတ်မှတ်တာပါ။ ဒီနေရာမှာ dev လို့ထည့်ပါမယ်။
Package Type (e.g. library, project, metapackage, composer-plugin) []:ဒီနေရာမှာ library လို့ပဲထည့်ရပါမယ်။
License []:License အကြောင်းတွေသိရင် ထည့်လိုက်ပါ။ မသိရင် ကျော်သွားလို့ရပါတယ်။
Define your dependencies.
Would you like to define your dependencies (require) interactively [yes]?no ဆိုပြီး ကျော်သွားလိုက်ပါ။
Would you like to define your dev dependencies (require-dev) interactively [yes]?no ဆိုပြီး ကျော်သွားလိုက်ပါ။
Add PSR-4 autoload mapping? Maps namespace "Pyaesoneaung\QuizApiClient" to the entered relative path. [src/, n to skip]:enter နှိပ်ပေးလိုက်ပါ။
Do you confirm generation [yes]?enter နှိပ်ပေးလိုက်ပါ။
အဲ့ဒါဆိုရင် အခုလို folder structure ရပါပြီ။
├── src
├── vendor
└── composer.jsoncomposer.json မှာ အခုလိုပြင်ပါမယ်။
{
"name": "pyaesoneaung/quiz-api-client",
"description": "Quiz Api Client",
"type": "library",
"license": "MIT",
"autoload": {
"psr-4": {
- "Pyaesoneaung\\QuizApiClient\\": "src/"
+ "PyaeSoneAung\\QuizApiClient\\": "src/"
}
},
"authors": [
{
"name": "Pyae Sone Aung",
"email": "[email protected]"
}
],
"minimum-stability": "dev",
+ "prefer-stable": true,
"require": {}
}"prefer-stable": true က "minimum-stability": "dev" ဖြစ်နေရင်တောင်မှပဲ dependency တွေထဲက stable အဖြစ်ဆုံး version ကိုပဲ ဉီးစားပေးသွင်းမယ်ဆိုလိုတာပါ။
"PyaeSoneAung\QuizApiClient\": "src/" အဲ့အပိုင်းက ကျတော်တို့ src အောက်မှာ အသစ်ရေးမယ့် class တွေက "PyaeSoneAung\QuizApiClient" namespace အောက်ကသွားမယ်လို့သတ်မှတ်လိုက်တာပါ။
ဘာမှမရေးခင် အရင်ဆုံး ကိုယ့် package က PHP version ဘယ်လောက်အနိမ့်ဆုံးလိုမယ်ဆိုတာ သတ်မှတ်ဖို့လိုပါတယ်။ ကိုယ်က modern syntax တွေသုံးချင်ရင် php-8.1 လောက်ကစသင့်ပါတယ်။
composer require php:^8.1ဒါဆိုရင် composer.json မှာ
"require": {
"php": "^8.1"
}ဆိုပြီးတိုးသွားမှာပါ။ ဒီနေရာမှာ ^ လေးက 8.1 အထက်လို့ဆိုလိုတာ ကိုယ့်စက်မှာ php-8.2 သုံးနေရင်လည်း အဆင်ပြေမှာပါ။ တကယ်လို့ ကိုယ့်စက်က php-8.0 (သို့) php-7.2 ဖြစ်နေရင် သွင်းရမှာမဟုတ်ဘူး။ အဲ့ကျရင် အခုလိုပြင်ရေးဖို့လိုပါတယ်။
"require": {
"php": "^7.2|^8.0"
}>=7.2 ဆိုလည်းရပါတယ်။ ကျတော်ကတော့ အဲ့လိုပေးတာ သိပ်သဘောမကျပါဘူး။ အဲ့လိုပေးလိုက်ရင် php-9.* ထွက်ခဲ့ရင်လည်း သွင်းလို့ရနေမှာ။ ကိုယ့် package က php-9.* မှာ support ပေးမပေးဆိုတာက ကြိုမသိနိုင်လို့ php-9.* ထွက်ခဲ့ရင် ကိုယ်တိုင် test လုပ်ပြီးမှ "php": "^7.2|^8.0|^9.0" ဆိုပြီး ထပ်ထည့်ပြီး version တစ်ခု release လုပ်တာက ပိုကောင်းပါတယ်။
PHP သွင်းပြီးသွားရင်တော့ Quiz api ခေါ်ဖို့ အတွက် Guzzle ကို သွင်းပါမယ်။
composer require guzzlehttp/guzzle:^7.0ဒါဆိုရင် composer.json ရဲ့ require block မှာ အခုလိုတိုးသွားမှာပါ။
"require": {
"php": "^8.1",
"guzzlehttp/guzzle": "^7.0"
}Api Integration
Quiz Api ကို integrate လုပ်ဖို့ အခုလိုရေးပါမယ်။
├── src
│ ├── Concerns
│ │ ├── BuildBaseClient.php
│ │ ├── CanSendGetRequest.php
│ ├── Resources
│ │ ├── QuestionResource.php
│ ├── QuizApi.php
├── vendor
└── composer.jsonsrc/Concerns/BuildBaseClient.php
<?php
namespace PyaeSoneAung\QuizApiClient\Concerns;
use GuzzleHttp\Client;
trait BuildBaseClient
{
public function buildClient(): Client
{
return new Client([
'base_uri' => 'https://quizapi.io',
'headers' => [
'X-Api-Key' => $this->apiKey,
],
]);
}
}src/Concerns/CanSendGetRequest.php
<?php
namespace PyaeSoneAung\QuizApiClient\Concerns;
use GuzzleHttp\Client;
use Psr\Http\Message\ResponseInterface;
trait CanSendGetRequest
{
public function get(Client $apiClient, string $url): ResponseInterface
{
return $apiClient->request('GET', $url);
}
}src/Resources/QuestionResource.php
<?php
namespace PyaeSoneAung\QuizApiClient\Resources;
use Pyaesoneaung\QuizApiClient\QuizApi;
class QuestionResource
{
public function __construct(
private readonly QuizApi $service,
) {
}
public function get(): array
{
$body = $this->service->get(
apiClient: $this->service->buildClient(),
url: '/api/v1/questions',
)->getBody();
return json_decode($body, true);
}
}src/QuizApi.php
<?php
namespace PyaeSoneAung\QuizApiClient;
use PyaeSoneAung\QuizApiClient\Concerns\BuildBaseClient;
use PyaeSoneAung\QuizApiClient\Concerns\CanSendGetRequest;
use PyaeSoneAung\QuizApiClient\Resources\QuestionResource;
class QuizApi
{
use BuildBaseClient;
use CanSendGetRequest;
public function __construct(
private readonly string $apiKey
) {
}
public function questions(): QuestionResource
{
return new QuestionResource(
service: $this
);
}
}ကျတော် အရင်ကရေးဖူးတဲ့ Proper Way for Api Integration ထဲက ပုံစံအတိုင်းရေးထားတာပါ။ အသေးစိတ်ကို အဲ့မှာ ဖတ်လို့ရပါတယ်။
ဒါဆိုရင် Quiz api ကို ဒီလိုခေါ်လို့ရပါပြီ။
use PyaeSoneAung\QuizApiClient\QuizApi;
(new QuizApi($apiKey))->questions()->get();ဒီလို syntax နဲ့ api ခေါ်ချင်လို့ အပေါ်ကလိုမျိုးရေးထားတာပါ။ Laravel ရေးနေကျဆိုရင် ဒီ syntax ကို မြင်တာနဲ့ QuizApi ကနေ question တွေအကုန် သွားခေါ်တယ်ဆိုတာ အလိုလိုခံစားမိမှာပါ။
ရေးပြီးတဲ့ code တွေ အလုပ်လုပ်မလုပ် စမ်းဖို့အတွက် root folder မှာပဲ playground.php ဆိုပြီး file တစ်ခု create လုပ်ပါမယ်။
playground.php
<?php
require __DIR__.'/vendor/autoload.php';
use PyaeSoneAung\QuizApiClient\QuizApi;
$apiKey = 'real-api-key-here';
$data = (new QuizApi($apiKey))->questions()->get();
var_dump($data);ပြီးရင်တော့ terminal ကနေ playground.php ကို run ပါမယ်။
php playground.phpဒါဆိုရင် $data မှာ QuizApi ရဲ့ response array ဆိုရမှာပါ။
require __DIR__.'/vendor/autoload.php'; က ကျတော်တို့ composer.json မှာ သတ်မှတ်ထားတဲ့ Namespace ကို resolve လုပ်တာတို့၊ vendor folder ထဲက package တွေကို သုံးလို့ရအောင်တို့ကို လုပ်ပေးတာပါ။
Testing
ကျတော်တို့ package အလုပ်လုပ်မလုပ် စမ်းဖို့အတွက် tests တွေရှိဖို့လိုပါတယ်။ Test ရေးဖို့အတွက် Pest PHP ကို install လုပ်ပါမယ်။
composer require pestphp/pest --dev --with-all-dependenciesဒီနေရာမှာ --dev က development လုပ်တဲ့အချိန်မှာပဲ သွင်းဖို့လိုတယ်လို့ ဆိုလိုတာပါ။ Package ကို release လုပ်ပြီးလို့ သူများတွေ install လုပ်တဲ့အချိန်မှာဆို guzzlehttp/guzzle ကိုပဲ dependency အနေနဲ့ သွင်းသွားမှာပါ။
ပြီးရင်တော့
./vendor/bin/pest --initဆိုပြီး run ပါမယ်။ ဒါဆိုရင် tests folder နဲ့ phpunit.xml file ကို generate လုပ်သွားပေးမှာပါ။ ဒါဆိုရင်
./vendor/bin/pestဆိုပြီး test တွေ run လို့ရပါပြီ။
tests folder ထဲမှာ Feature နဲ့ Unit ဆိုပြီး folder ၂ခု ရှိပါတယ်။ Package တွေမှာတော့ Feature သပ်သပ်၊ Unit သပ်သပ်ဆိုပြီး test တွေရေးတာထက် အပြင်မှာ class တစ်ခု create လုပ်ပြီးရေးတာမျိုးက ပိုများပါတယ်။ Test ရေးဖို့ အတွက် Feature နဲ့ Unit folder နှစ်ခုလုံးကို ဖျက်လိုက်ပါမယ်။ ပြီးရင် Pest.php မှာ အခုလိုပြင်ပါမယ်။
<?php
use GuzzleHttp\Client;
use GuzzleHttp\Handler\MockHandler;
use GuzzleHttp\HandlerStack;
use GuzzleHttp\Psr7\Response;
use PyaeSoneAung\QuizApiClient\QuizApi;
function quizApi()
{
return new QuizApi('foo');
}
function mockClient()
{
$mock = new MockHandler([
new Response(status: 200, body: json_encode(['foo' => 'bar'])),
]);
$handlerStack = HandlerStack::create($mock);
return new Client(['handler' => $handlerStack]);
}Pest.php မှာ ရေးတဲ့ helper function တွေကို test ရဲ့ ကြိုက်တဲ့နေရာက ခေါ်သုံးလို့ရပါတယ်။
quizApi() ကိုခေါ်ရင် QuizApi object return ပြန်မှာပါ။ ဒီနေရာမှာ api key ထည့်ဖို့မလိုပါဘူး။ ကျတော်တို့ code က Quiz Api ကို api သွားခေါ်နိုင်လားဆိုတာပဲ test ဖို့လိုတာပါ။ Quiz Api ကို key အစစ်ထည့်ပြီး တကယ်သွားခေါ်ဖို့ မလိုပါဘူး။ ဉပမာ တခြား developer တစ်ယောက် ဒီ code တွေ အလုပ်လုပ်မလုပ် စမ်းဖို့အတွက် သူကိုယ်တိုင် အကောင့်ဖွင့်ပြီး api token ယူပြီး စမ်းနေဖို့မလိုပါဘူး။
mockClient() က guzzle client ကို mock လုပ်ဖို့ပါ။ mock လုပ်ထားတဲ့ client ကိုသုံးရင် api တကယ်သွားမခေါ်ဘဲ 200 response ကို ပြန်ရမှာပါ။ အဲ့အတွက် MockHandler ကို create လုပ်ပြီး Client မှာ pass ပေးထားတာပါ။
ပြီးရင်တော့ tests folder မှာပဲ QuizApiTest.php ဆိုပြီး class တစ်ခု create လုပ်ပါမယ်။
tests/QuizApiTest.php
<?php
use GuzzleHttp\Client;
use Psr\Http\Message\ResponseInterface;
use PyaeSoneAung\QuizApiClient\Resources\QuestionResource;
it('can build client', function () {
expect(quizApi()->buildClient())->toBeInstanceOf(Client::class);
});
it('can send get request', function () {
expect(quizApi()->get(mockClient(), '/foo'))->toBeInstanceOf(ResponseInterface::class);
});
it('can return QuestionResource', function () {
expect(quizApi()->questions())->toBeInstanceOf(QuestionResource::class);
});can build client က buildClient function က guzzle client ကို create လုပ်နိုင်လား test တာပါ။ toBeInstanceOf() က expect ရဲ့ return ပြန်တဲ့ class က toBeInstanceOf() မှာထည့်ထားတဲ့ calss ဖြစ်ရမယ်လိုဆိုလိုတာပါ။
can send get request က GET method နဲ့ api ခေါ်လို့ရလား test တာပါ။ get() အတွက်လိုအပ်တဲ့ api client နေရာမှာ mockClient() ကိုသုံးထားပါတယ်။
can return QuestionResource ဒီဟာကတော့ရှင်းပါတယ်။ quizApi()->questions() လို့ခေါ်ရင် QuestionResource ရမရစစ်တာပါ။
QuizApiTest.php ထဲက test တွေက BuildBaseClient.php၊ CanSendGetRequest.php နဲ့ QuizApi.php ထဲက function တွေအကုန် cover ဖြစ်ပါပြီ။
./vendor/bin/pestဆိုပြီး test ကို run ကြည့်လို့ရပါပြီ။

ပြီးရင်တော့ ကျန်နေသေးတဲ့ QuestionResource class အတွက် test ရေးဖို့ package တစ်ခုသွင်းဖို့လိုပါတယ်။
composer require mockery/mockery --devပြီးရင်တော့ tests/Resources/QuestionResourceTest.php ဆိုပြီး class တစ်ခု create လုပ်ပါမယ်။
QuestionResourceTest.php
<?php
use PyaeSoneAung\QuizApiClient\QuizApi;
use PyaeSoneAung\QuizApiClient\Resources\QuestionResource;
it('can get questions', function () {
$client = Mockery::mock(QuizApi::class);
$client->shouldReceive('buildClient')->andReturnUsing(
fn () => mockClient()
);
$client->shouldReceive('get')->andReturnUsing(
fn () => mockClient()->get('/foo')
);
expect((new QuestionResource($client))->get())->toBeArray();
});can get questions မှာ mockery package က Mockery::mock() ကို သုံးပြီး client တစ်ခု create လုပ်ပါတယ်။ ဒီနေရာမှာ QuizApi::class က "PyaeSoneAung\QuizApiClient\QuizApi" string ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်ကြိုက်တဲ့ string passs လို့ရပါတယ်။ mock name ကို unique ဖြစ်အောင်လို့နဲ့ QuizApi class ကို mock လုပ်မှန်းသိသာအောင် Mockery::mock(QuizApi::class) ဆိုပြီးသုံးထားတာပါ။
$client->shouldReceive('buildClient')->andReturnUsing(
fn () => mockClient()
);shouldReceive က mock လုပ်ထားတဲ့ $client မှာ buildClient function ရှိတယ်လို့ သတ်မှတ်တာပါ။ andReturnUsing() အဲ့ function ကိုခေါ်ရင် mock လုပ်ထားတဲ့ guzzle client return ပြန်မယ်လို့ သတ်မှတ်တာပါ။
$client->shouldReceive('get')->andReturnUsing(
fn () => mockClient()->get('/foo')
);ဒီဟာလဲ အပေါ်ကသဘောပါပဲ။
expect((new QuestionResource($client))->get())->toBeArray();(new QuestionResource($client))->get() ကို ခေါ်ရင် return ပြန်တာက array ဖြစ်ရမယ်လို့ ဆိုလိုတာပါ။
./vendor/bin/pestဆိုပြီး test ကို run ကြည့်လို့ရပါပြီ။

Continuous Integration
CI ဆိုတာကတော့ ကျတော်တို့ code တွေမှာ changes တွေဖြစ်တိုင်း build လုပ်တာတွေ၊ tests run တာတွေကို auto လုပ်ပေးတာပါ။ ဒီနေရာမှာ CI platform တစ်ခုဖြစ်တဲ့ GitHub Actions ကိုသုံးပြီး tests တွေကို auto run အောင် setup လုပ်ပါမယ်။
အဲ့အတွက် .github/workflows/run-tests.yml ဆိုပြီး file တစ်ခု create လုပ်ပါမယ်။
run-tests.yml
name: Tests
on: [push, pull_request]
jobs:
test:
runs-on: ${{ matrix.os }}
strategy:
fail-fast: true
matrix:
os: [ubuntu-latest]
php: [8.1, 8.2, 8.3]
name: P${{ matrix.php }} - ${{ matrix.os }}
steps:
- name: Checkout code
uses: actions/checkout@v3
- name: Setup PHP
uses: shivammathur/setup-php@v2
with:
php-version: ${{ matrix.php }}
coverage: none
- name: Install dependencies
run: composer install --prefer-dist --no-interaction --optimize-autoloader
- name: Execute tests
run: ./vendor/bin/pestအဲ့ထဲက အရေးကြီးတာ တစ်ချို့ကို ရှင်းပြချင်ပါတယ်။
runs-on: ${{ matrix.os }}
strategy:
fail-fast: true
matrix:
os: [ubuntu-latest]
php: [8.1, 8.2, 8.3]
name: P${{ matrix.php }} - ${{ matrix.os }}သူက ubuntu latest version မှာ php-8.1 က နေ 8.3 ထိ tests ၃မျိုး run မယ်လို့ သတ်မှတ်တာပါ။ တကယ်လို့ windows latest version မှာ run ချင်ရင် os: [ubuntu-latest, windows-latest] ဆိုပြီး ပြင်ရေးလို့ရပါတယ်။ အဲ့တာဆိုရင် php-8.1 - ubuntu php-8.2 - ubuntu php-8.3 - ubuntu php-8.1 - windows php-8.2 - windows php-8.3 - windows အဲ့လို tests ၆မျိုး run သွားမှာပါ။ ကျတော်ကတော့ windows ကို ထည့်မရေးပါဘူး test လုပ်ရင် ကြာလို့ပါ။
ဒါဆိုရင် git init လုပ်ပြီး github ပေါ်တင်လို့ရပါပြီ။ git init မလုပ်ခင် .gitignore ဆိုပြီး file တစ်ခု create လုပ်ပြီး အခုလိုရေးပါမယ်။
vendor
composer.lock
playground.phpvendor folder ရယ်၊ composer.lock ရယ်၊ playground.php file ကို git ထဲမထည့်ဘူး သတ်မှတ်တာပါ။ ဒီနေရာမှာ playground.php မှာ တကယ့် api key အစစ်ကို ထည့်ပြီး စမ်းထားတာရှိပါတယ်။ အဲ့လို key တွေ ထည့်ပြီးစမ်းတဲ့ file မျိုးကို git ထဲ မထည့်မိဖို့က အရမ်းအရေးကြီးပါတယ်။
git init
git add .
git commit -m "initial commit"ပြီးရင်တော့ GitHub မှာ repo တစ်ခု create လုပ်ပြီး push ပါမယ်။

ဒါဆိုရင် GitHub Repo ထဲက Actions tab မှာ အခုလို test တွေ success ဖြစ်နေတာကိုတွေ့မှာပါ။
Release
Release လုပ်ဖို့အတွက် GitHub ကိုသွားပြီး အခုလိုလုပ်ပါမယ်။

0 tags ကို နှိပ်ပါမယ်။

Create a new release

Choose a tag မှာ v1.0.0 ဆိုပြီး tag တစ်ခု create လုပ်ပါမယ်။ Title နဲ့ description မှာ အဆင်ပြေတာ ရေးလို့ရပါတယ်။
ပြီးရင်တော့ packagist.org မှာ submit သွားလုပ်ပါမယ်။

ဒါပြီးရင်တော့
composer require pyaesoneaung/quiz-api-clientဆိုပြီးတော့ ကျတော်တို့ package ကို composer ကနေ install လုပ်လို့ရပါပြီ။
Part-2 မှာတော့ Laravel အတွက် package development ကို ဆက်ပြီး knowledge sharing လုပ်သွားပါမယ်။ Laravel ဆိုရင်တော့ အခုလို object create လုပ်ပြီး constructor မှာ api key ထည့်တာတွေကို framework level မှာ dependency injection လုပ်ပြီး facades ကနေပဲ အလွယ်တကူ ခေါ်သုံးလို့ရအောင် ဖန်တီးလို့ရပါတယ်။
စာရေးတာ အရမ်းရှည်သွားလို့ တချို့ပြောချင်တာတွေကိုတော့ ချန်ထားခဲ့လိုက်ရပါတယ်။ Source code ကို ဒီမှာ ကြည့်လို့ရပါတယ်။ သိချင်တာရှိရင်လည်း မေးလို့ရပါတယ် ခင်ဗျာ။