Writing · 2022

SHIFT Workbench

Pyae Sone Aung From the archive

SHIFT Workbench ဆိုတာကတော့ Laravel နဲ့ PHP code တွေကို automation tasks တွေနဲ့ modernize ဖြစ်အောင်လုပ်ပေးတာပါ။

Workbench မှာ လက်ရှိစာရေးနေတဲ့ အချိန်ထိ automation tasks ၆၀ ကျော်ပါတယ်။ အဲ့ထဲကမှ တချို့ကို highlight လုပ်ပြီးရှင်းပြချင်ပါတယ်။

Nullsafe Operator

$val == null အဲ့လိုရေးထားတဲ့ syntax တွေကို $val?-> လို့ပြောင်းပေးတာပါ။ (PHP 8 နဲ့ အထက် ရှိဖို့လိုပါတယ်။)

Before

if ($user === null) {
    return null;
}

return $user->email();

After

return $user?->email();

Arrow Functions

ရိုးရိုး closure fuction တွေကို arrow function ပြောင်းပေးတာပါ။ (PHP 7.4 နဲ့ အထက် ရှိဖို့လိုပါတယ်။)

Before

array_filter($values, function ($value) {
    return is_numeric($value);
});

After

array_filter($values, fn($value) => is_numeric($value));

Optional To Nullsafe

optional($user)->address; အဲ့လိုရေးထားတဲ့ syntax တွေကို $user?->address; လို့ပြောင်းပေးတာပါ။ (PHP 8 နဲ့ အထက် ရှိဖို့လိုပါတယ်။)

Before

optional($user)->address;

After

$user?->address;

Sort Tailwind Classes

tailwindcss ရဲ့ recommend class order အတိုင်း class တွေကို order စီပေးတာပါ။

Before

<div
  class="text-gray-700 hover:opacity-75 shadow-md p-3 lg:p-6 border-gray-300 ml-4 h-24 flex border-2"
>
  <!-- ... -->
</div>

After

<div
  class="ml-4 flex h-24 border-2 border-gray-300 p-3 text-gray-700 shadow-md lg:p-6 hover:opacity-75"
>
  <!-- ... -->
</div>

အခုပြောထားတာတွေအပြင် တခြား အသုံးဝင်တဲ့ automation tasks တွေအများကြီးရှိပါတယ်။ တချို့ tasks အနည်းငယ်ကိုတော့ license ဝယ်သုံးမှရပါမယ်။

Workbench ကို Desktop App (သို့) Cloud Based ဆိုပြီး ၂ မျိုး အသုံးပြုလို့ရပါတယ်။

Desktop App

laravelshift.com/workbench website ကနေ သက်ဆိုင်ရာ platform အတွက် download ဆွဲလို့ရပါတယ်။ Install လုပ်ပြီးသွားရင် project path ရွေးပြီး သုံးလို့ရပါပြီ။ (Workbench ကို သုံးဖို့ docker client ကို ဖွင့်ထားပေးဖို့လိုပါတယ်။)

shift-workbench-img-1

Cloud Based

laravelshift.com မှာ account ဖွင့်ဖို့လိုပါတယ်။ ပြီးရင် Workbench ကိုရွေးပြီး သုံးလို့ရပါပြီ။

shift-workbench-img-2

ကိုယ် run ချင်တာတွေ သတ်မှတ်ပြီးပြီဆိုရင် repository ကို ရွေးပြီး run လို့ရပါပြီ။

shift-workbench-img-3

Run ပြီးသွားရင် github မှာ Workbench ကနေ pull request တက်လာပါမယ်။

shift-workbench-img-4

Pull request ကို merge လုပ်လိုက်ရင် အားလုံးပြီးပါပြီ။

Laravel SHIFT ကနေပဲ နောက်ထပ် mix ကနေ vite ကို free upgrade လုပ်တဲ့ services တွေလည်းရှိပါတယ်။ အသေးစိတ်ကို ဒီမှာ ကြည့်လို့ရပါတယ်။