Published on

Certbot

Certbot သုံးပြီး HTTPS Certificate ကို install လုပ်မယ်။

တကယ်တော့ https ကို install လုပ်ရတာ အရမ်းလွယ်ပါတယ်။

အရင်ဆုံး Certbot Website ကိုသွားပါမယ်။

certbot.eff.org

Screen Shot 2021-09-20 at 21.23.37.png

အဲ့မှာ My HTTP website is running က Software နေရာမှာ ကိုယ်သုံးထားတဲ့ Web Server ကိုရွေးပါ။ System နေရာမှာ ကိုယ်သုံးထားတဲ့ Operation System ကို ရွေးပါ။

အဲ့ဒါဆိုရင် သူ့အောက်မှာ ဘယ် command တွေ ဘယ်လို run ရမလဲဆိုတာ ပေါ်လာပါတယ် အဲ့အတိုင်းလိုက်လုပ်ရုံပါပဲ။

နမူနာ အနေနဲ့ Nginx နဲ့ Ubuntu 20.04 မှာ install လုပ်ပါမယ်။

bash
sudo apt update
sudo apt install snapd
sudo snap install core
sudo snap refresh core
sudo snap install --classic certbot
sudo ln -s /snap/bin/certbot /usr/bin/certbot

Https ကို install လုပ်ဖို့

bash
sudo certbot --nginx

လို့ run လိုက်ရင် server မှာ configure လုပ်ထားတဲ့ domain list ပေါ်လာပါမယ်။

ကိုယ် install လုပ်ချင်တဲ့ domain ကိုရွေးရုံပါပဲ။

Redirect လုပ်မလားမေးရင် redirect လုပ်တာရွေးလိုက်ပါ။

ဒါဆို ကိုယ်ရွေးထားတဲ့ domain မှာ Let's Encrypt's Certificate ကို install လုပ်သွားမှာပါ။

အဲ့ဒါဆို https ရပါပြီ။

ဒီနေရာမှာ Let's Encrypt's Certificate က ရက် 90 ဆို သက်တမ်းကုန်ပါတယ်။

သက်တမ်းမကုန်ခင် renew လုပ်ပေးဖို့လိုပါတယ်။

Renew လုပ်ဖို့အတွက် Cron Job မှာ ဒီလို ထည့်ပါမယ်။

1 1 * * * certbot renew --post-hook "systemctl reload nginx"

အဲ့ဒါဆို ရပါပြီ။ သိချင်တာရှိရင်လည်း မေးလို့ရပါတယ် ခင်ဗျာ။