Published on

Laravel Jetstrap

Laravel Jetstream ကို Bootstrap နဲ့ တွဲသုံးမယ်။

Laravel Jetstream မှာတော့ ui အတွက် Tailwind Css ကို default အနေနဲ့သုံးထားပါတယ်။ Tailwind Css ဆိုတာ utility-first framework ဖြစ်ပြီး တော်တော်ရေးလို့ကောင်းတာမို့ tailwind ကို သုံးစေချင်ပါတယ်။

Bootstrap ရဲ့ အသင့်သုံး components တွေ၊ ရိုးရှင်းတဲ့ layouts တွေ သုံးပြီး Admin Panel တည်ဆောက်ဖို့ ကျွန်တော်အသုံးပြုတဲ့ နည်းလမ်းကို ပြောချင်ပါတယ်။

အရင်ဆုံး laravel 8 project တစ်ခု create လုပ်ပါမယ်။

bash
composer create-project --prefer-dist laravel/laravel blog

Jetstream ကို install လုပ်ပါမယ်။ Jetstream မှာ livewire နဲ့ inertia.js ဆိုပြီး frontend stack နှစ်ခုရှိပါတယ်။ ကျွန်တော်ကတော့ အခုပြမယ့် နမူနာမှာ inertia ကိုပဲသုံးပါမယ်။

bash
composer require laravel/jetstream
php artisan jetstream:install inertia

Jetstream မှာ bootstrap ကိုသုံးဖို့အတွက် Jetstrap ဆိုတဲ့ package ကိုသုံးပါမယ်။

bash
composer require nascent-africa/jetstrap --dev

Jetstrap ရဲ့ အလုပ်လုပ်ပုံက jetstream သွင်းကတည်းက အသင့်ပါလာတဲ့ tailwind နဲ့ရေးထားတဲ့ class တွေကို bootstrap ရဲ့ class တွေနဲ့ အစားထိုးလိုက်တာပါ။

အခု tailwind ရဲ့ class တွေကို bootstrap ရဲ့ class တွေနဲ့ အစားထိုးပါမယ်။

bash
php artisan jetstrap:swap inertia
npm install
npm run dev
php artisan migrate

ဒါဆို Laravel Jetstream ကို bootstrap နဲ့သုံးလို့ရပါပြီ။

Jetstream Documentation နဲ့ Jetstrap Documentation မှာ ထပ်မံ လေ့လာဖို့ အကြုံပြုလိုပါတယ်။