Published on

Expose

ကျွန်တော် facebook messenger chatbot ရေးတော့ ကိုယ့် localhost ကို facebook က လာခေါ်ဖို့ public url ထုတ်ပြီး share ဖို့လိုလာတယ်။ ပုံမှန်ဆို ngrok နဲ့ အဆင်ပြေပေမယ့် နောက်ပိုင်း ngrok url ကို facebook က verify လုပ်လို့ မရတာမျိုးတွေဖြစ်လာတယ်။ အဲ့တာနဲ့ ngrok လိုမျိုး တခြား app တွေရှာရင်း expose ကိုသုံးကြည့်လိုက်တာ ပိုပြီး အဆင်ပြေတာ တွေ့ရတယ်။

Expose ဆိုတာကတော့ ngrok alternative ပါပဲ။ ပြီးတော့ expose ရဲ့ UI က ngrok ထက် ပိုကောင်းပါတယ်။

Installation

https://expose.dev မှာ account ဖွင့်ဖို့လိုပါတယ်။ ပြီးရင် terminal ကနေ

sh
composer global require beyondcode/expose
expose token <your expose token>

ဒါဆိုရင် ရပါပြီ။

Usage

terminal ကနေ

sh
expose share http://localhost:8000

run လိုက်ရင် အခုလိုရပါတယ်။

Screen Shot 2021-11-03 at 22.21.07.png

Dashboard URL ကို သွားလိုက်ရင်

Screen Shot 2021-11-03 at 22.23.10.png

Expose URL ကိုလာခေါ်တဲ့ request တွေ၊ request တစ်ခုဆီရဲ့ header, payload နဲ့ response တွေကို အသေးစိတ်ကြည့်လို့ ရပါတယ်။

Expose အကြောင်းကို ဒီမှာ အသေးစိတ် လေ့လာလို့ရပါတယ်။