Published on

Writing purgeable HTML

Purge အကြောင်း မပြောခင် production CSS build လုပ်တဲ့ အကြောင်း ပြောပါမယ်။ Production ကို build လုပ်ပြီဆိုတာနဲ့ code တွေကို ယေဘူယျအားဖြင့် spaces၊ quotes၊ angle brackets နဲ့ အောက်ကပုံအတိုင်း အပိုင်းပိုင်း ဖြတ်ပါတယ်။

https://tailwindcss.com/docs/optimizing-for-production#writing-purgeable-html

Purge လုပ်တယ်ဆိုတာကတော့ code မှာမပါတဲ့ class တွေကို production မှာ ဖြုတ်ပစ်တာကို ဆိုလိုတာပါ။

အဲ့လိုဖြုတ်တဲ့အခါ ကိုယ့်ရဲ့ တကယ့် code တွေ မပါသွားဖို့ အတွက် pudgeable html ဖြစ်အောင် ရေးဖို့လိုပါတယ်။

ပိုနားလည်အောင် နမူနာနဲ့ ရှင်းပြပါမယ်။

html
<div class="text-{{  error  ?  'red'  :  'green'  }}-600"></div>

အပေါ်က code အတိုင်း production build ရင် အခုလို ပိုင်းသွားမှာပါ။

https://tailwindcss.com/docs/optimizing-for-production#writing-purgeable-html

အပေါ်က code ကို render လုပ်ပြီး ရမယ့် class က text-red-600 or text-green-600 ပါ။ ၂ ခုလုံး ပိုင်းတဲ့ထဲ မှာ မပါတဲ့ အတွက် purge လုပ်ရင် ကျန်ခဲ့မှာပါ။ အဲ့ဒီတော့ production မှာ အရောင် မပြတော့ပါဘူး။ (It's work on my machine လုပ်လို့ရပါပြီ 😜)

စောန နမူနာကိုပဲ pudgeable HTML ဖြစ်အောင် ဒီလိုရေးလို့ ရပါတယ်။

html
<div class="{{  error  ?  'text-red-600'  :  'text-green-600'  }}"></div>

အဲ့တာကို ပိုင်းရင် https://tailwindcss.com/docs/optimizing-for-production#writing-purgeable-html

ဒီလိုရမှာ ဖြစ်ပြီး purge လုပ်ရင်လည်း ကျန်ခဲ့မှာ မဟုတ်တဲ့အတွက် production မှာလည်း အဆင်ပြေသွားမှာပါ။

Ref: https://tailwindcss.com/docs/optimizing-for-production#writing-purgeable-html